သီပေါ ၁၂ ဇွန်
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် နမ့်ဟူးနွဲ့ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်က မှုခင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေးအတွက် သတိပြုရမည့် အချက်များနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ၊ အင်္ဂလိပ်စာနှင့် စကားပြောသင်တန်းမှ ကျောင်းသား ကျောင်းသူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)