ကျိုက်မရော  ၁၈  ဒီဇင်ဘာ

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျော့နည်းကျဆင်းစေရန်နှင့် သက်ငယ်မုဒိမ်းမှု ကင်းစင်ရေးအတွက် “သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး အားလုံးပူးပေါင်း ပါဝင်ပေး” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက  အထက ကျိုက်မရော ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။

 

7

 

 အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့  မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် လူမှုရေးအသင်းအဖွဲ့များ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ဌာနဆိုင်ရာများ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ နှင့် ရပ်/ကျေးအုပ်ချုပ်မှူးများ တက်ရောက်ခဲ့ကြသည်။

 

9

 

အဆိုပါ အသိပညာပေးဆိုင်းဘုတ်များအား လူစည်ကားရာနေရာများတွင် ပြည်သူလုထု ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် လှည့်လည်စိုက်ထူပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

 

8

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)