ခန္တီး ၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးပြုလုပ်သည့် သယ်ငယ်မုဒိမ်းနှင့် (GBV) Gender Base Violence နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက “GBV ဆိုသည်မှာ ကျား-မ ဖြစ်ခြင်းအပေါ် အခြေခံပြီး အကြမ်းဖက်ခြင်းဖြစ်ပါတယ်၊ GBV နှင့်ပတ်သက်သည့်အကြမ်းဖက်မှု (၆)မျိုးရှိရာ (၁) ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုခံရခြင်း၊ (၂)စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ (၃) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရခြင်း၊ (၄) လူမှုရေး၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ (၅) လွဲမှားသော ဓလေ့ထုံးစံ နှင့်အကြမ်းဖက်ခံရခြင်း၊ (၆) သတင်းမီဒီယာများမှ အကြမ်းဖက်ခံရခြင်း ဖြစ်ပါကြောင်းနှင့် မည်သည့် အကြမ်းဖက်မှုဖြစ်စေ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပါကြောင်း” အဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးက Gender Base Violence နှင့် သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ Gender, အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး နိုင်ငံတကာ သဘောတူစာချုပ်(Cedaw)အကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် ၁၀ နှစ်တာ မဟာဗျူဟာစီမံကိန်း(Naspaw)များ အကြောင်းကို Power Point ဖြင့်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်ရဲမှူး ဦးမြင့်သိန်းက သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ကိုယ်စား ဦးပိုင်စိုးဦးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက် သည်များကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)