နေပြည်တော် နိုဝင်ဘာ ၁၆ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ်ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ ဖြင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွက် စားအုန်းဆီ တန်ချိန် (၆၇၆၇ ဒသမ ၆၉) တန်၊ ပိဿာ (၄၁၄၁၈၃၀) ရောင်းချခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့အတွင်း ရှိစားသုံးသူများအတွက် ဆီအသင်း၏ အစီအစဉ်ဖြင့်ရပ်ကွက် များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ် များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကား ဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် (၂ ရာခိုင်နှုန်း) ထက် မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်း ချသွား ရမည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချ ပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(၁၀၄/၁၀၈)ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်(ဆင်မင်းအိမ်ယာဓမ္မာရုံရှေ့) အလုံ မြို့နယ်၊ ဖုန်းအမှတ်၊၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံး သူရေးရာဦးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်