ဟားခါး ၁၇  မတ်

 

သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သည့် စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ဟားခါးမြို့ရှိ  စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။

 

0987

 

ထိုသို့ဆောင်ရွက်ရာတွင် ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက စားသောက်ကုန်အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သော စားသောက်ကုန်များကို သိမ်းဆည်းခဲ့ပြီး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ သိမ်းဆည်းရမိသည့် သက်တမ်းလွန် စားသောက်ကုန်များတွင် ခွင့်မပြု ဓာတုကြာရှည်ခံ ဆေးများ (Formalin)ပါဝင်မှု ရှိ /မရှိကို စစ်ဆေးပြီး  ကော်မတီ၏အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(ပြန်/ဆက်)