ထီးချိုင့်  ၁၂   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊   ကသာခရိုင်   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဦးဆောင်၍  သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော ဆေးဝါးများ ရောင်းချနေမှုရှိ/မရှိ ယမန်နေ့နံနက်  ၁၀  နာရီက ထီးချိုင့်မြို့ပေါ်ရှိ ဆေးရောင်းချလျက်ရှိသော ဆိုင်များတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

 

ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  (FDA)  မှ ဦးစီးအရာရှိ ဒေါ်အေးချမ်းမြတ် နှင့် ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုဦးစီးမှူး ဦးထူးဇော်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးနိုင်ဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍   သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ မရောင်းချရန်တားဆီးခြင်း၊ သိမ်းဆည်းခြင်း၊ ဆေးဝါးလိုင်စင်မပြုလုပ်ရသေးသည့် ဆေးဆိုင်များအား လိုင်စင်လျှောက်ထားကြရန် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ထီးချိုင့်မြို့ပေါ်ရှိ (APEX) ရေသန့်စက်ရုံနှင့် မောင်းကုန်းကျေးရွာအုပ်စု၊ မောင်းကုန်း ကျေးရွာရှိ (OXYGEN ) ရေသန့်စက်ရုံများအား ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း (ပြန်ဆက်)