ဘောလခဲ ၂၅ ဧပြီ

 

ကယားပြည်နယ်၊ ဘောလခဲမြို့တွင် သျှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက စောလဖော်ခန်းမ၌ ကျင်းပခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူလေးများက သျှမ်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲပြီး ကယားပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေများ ပေးအပ်ခဲ့ရာ စာပေသင်ကြားရေး ကော်မတီနာယက ဦးသန်းဝင်းက လက်ခံရယူပြီး သျှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းတွင် ဆုရရှိကြသည့် သင်တန်းသူလေးများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ ဦးသန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

သင်တန်းဆင်းပွဲသို့ သင်တန်းသား၊ သင်တန်းသူလေးများက ကိန္နရီ၊ ကိန္နရာအကဖြင့် ကပြခဲ့ကြပြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ခရိုင်မြို့နယ် ဝန်ထမ်းများ၊ သျှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဖိုးရယ်

 

IMG_201