မြောင်းမြ ၁၈ ဇန်နဝါရီ   

 

မြောင်းမြမြို့ ရှေးသမိုင်းဝင် ရွှေသာလျောင်းဘုရားကြီးတွင် မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးတို့ စုပေါင်းကျင်းပသည့် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေသာလျောင်းဘုရားကြီး အာရုံခံတန်ဆောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဆရာတော်များက ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်းတို့ ဆောင်ရွက်ကြပြီး ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်များက ပဌာန်းအမေးအဖြေများ နာကြားခြင်း၊ ပဌာန်းအခါတော်ကြား ဂါထာရွတ်ဖတ်ခြင်းနှင့် ပဌာန်းတရားတော်မြတ် ရွတ်ဖတ်ပူဇော်ကြသည်။

 

123

 

အဆိုပါ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ တပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ပူဇော်ခဲ့ကြပြီး အသံမစဲ မဟာပဌာန်းပူဇော်ပွဲကို ဇန်နဝါရီ ၁၇ ရက်နေ့ မှ ၁၉ ရက်နေ့အထိ သုံးရက်ကြာ ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)