မုဒုံ   အောက်တိုဘာ   ၁၀

 

မွန်ပြည်နယ်  မုဒုံမြို့ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်ချုပ်ကျင်းပပြုလုပ်သွား မည်ဖြစ်​ကြောင်း ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

 

“ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၉ ခုနှစ် (၁၄၅)ကြိမ်မြောက်တွင် မြို့နယ်လုံးကျွတ်မဟာသံဃိက ဆွမ်းခြောက် လောင်းလှူပွဲကြီး၊  ကန်ကြီးဆံတော်ရှင် စေတီတော်တွင် ဂေါပက အဖွဲ့ဝင်များနှင့်အတူ မြို့သူ/မြို့သားများက ဆီးမီး(၉၀၀၀) ကပ်လှူပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်သဘင်ပြိုင်ပွဲကို နှစ်ရက်ဆက်တိုက် ကျင်းပကြာင်း၊ ဘုရားဖူးဧည့်သည်တော်များ ထောင်နဲ့ချီလာရောက်ကြပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်  အလှူရှင် များမှ  ဘုရားဖူးဧည့်သည်များကို စတုဒီတာကျွေးမွေးခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အကျဉ်းချုပ်သာကျင်းပခဲ့ရာ ယခုနှစ်တိုင် နှစ်နှစ်ရှိပြီးဖြစ်ကြောင်း” ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

အဆိုပါ ၂၀၂၁ ခုနှစ် ဗုဒ္ဓဗူဇော်ပွဲကို ဆံတော်ရှင်ကန်ကြီးစေတီတော်၌  ဆီးမီး(၁၀၀၀) ကပ်လှူပူဇော်ခြင်းနှင့် မုဒုံမြို့နယ်အတွင်းရှိ သြဝါဒါစရိယ ဆရာတော် သံဃာတော်ကြီး (၁၃)ပါးအား ဂေါပကအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများတို့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း  သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)