၂၂ ဖေဖော်ဝါရီ 

 

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရို က မင်နီဇွဲလား-ဘရာဇီး နယ်စပ်ကို မနေ့ ညပိုင်းက ပိတ်လိုက်ပါတယ်။ ဘရာဇီးနယ်စပ်ကနေ ဝင်ရောက်လာမယ့် လူသားချင်းဆိုင်ရာ အကူအညီပစ္စည်းတွေကို နိုင်ငံတွင်းရောက်အောင် လုပ်ဆောင်နေတဲ့ စင်ပြိုင်သမ္မတ ဂွိုက်ဒို နဲ့ သမ္မတ မာဒူရိုတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာကို တွေ့ရပါတယ်။ 

 

mdn

 

ဗင်နီဇွဲလား -ကိုလံဘီယာ နယ်စပ်မှာ ရှိနေတဲ့ အမေရိကန်နိုင်ငံက ပေးပို့တဲ့ လူသားချင်းဆိုင်ရာ အကူအညီအကူတွေ ကို နိုင်ငံတွင်းမဝင်အောင် မာဒူရို က ပိတ်ထားပါတယ်။ အဲဒီအထောက်အပံ့ ပစ္စည်းတွေကို သွားယူဖို့အတွက် စင်ပြိုင်သမ္မတ ဂွိုက်ဒို ကိုယ်တိုင် ပါဝင်တဲ့ မော်တော်ယာဉ်တန်းကို မာဒူရို ထောက်ခံတဲ့ စစ်တပ်က ရပ်တန့်ခိုင်းနေပါတယ်။ ဒါပေမယ့် ဂွိုက်ဒိုတို့ ယာဉ်တန်းက ဆက်လက် ထွက်ခွာဆဲဖြစ်ပါတယ်။ 

 

mdn

 

ဗင်နီဇွဲလားမြို့တော် ကာရာကပ်ကနေ ကိုလံဘီယာ နယ်စပ်ကို ရောက်ရှိဖို့အတွက် မိုင် ၅၆၀ ကွာဝေးတဲ့အတွက် အနည်းဆုံး ၁၃ နာရီကျော် မောင်းနှင်ရမှာ ဖြစ်ပါတယ်။ စင်ပြိုင်သမ္မတ ဂွိုက်ဒိုကို နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ 

 

mdn

 

ဗင်နီဇွဲလား ပြည်သူ ၃ သိန်းလောက်ဟာ အစားအစာနဲ့ဆေးဝါး အကူအညီမရခဲ့ရင် သေနိုင်တယ်။ ဒီအတွက် လူ ၁ သန်းလောက်နဲ့ လူသားချင်းဆိုင်ရာ အကူအညီကို  စနေနေ့မှာ ဗင်နီဇွဲလားနိုင်ငံထဲရောက်အောင် သွားယူ နေတာသာဖြစ်တယ်လို့ ဂွိုက်ဒို က ပြောပါတယ်။ 

 

မာဒူရိုကလည်း မနေ့က ရုရှားက ကူညီတဲ့ ဆေးနဲ့ ဆေးပစ္စည်း ၇.၅ တန် ရောက်ရှိကြောင်း ပြောပါတယ်။ 

 

MDN
ကိုကား - AFP