၁၂ ဩဂုတ်

 

 

အမေရိကန် သမ္မတလောင်း ဂျိုးဘိုင်ဒန် က အထက်လွှတ်တော်အမတ် ကာမာလာ ဟားရစ် ကို ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

 

 

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို စိန်ခေါ်ထားတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်းကို ဘိုင်ဒန် ရှာဖွေနေတာ တစ်လ ကြာပြီးနောက် အင်္ဂါနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

 

သမ္မတလောင်း ဘိုင်ဒန် ရွေးချယ်လိုက်တဲ့ ဒုသမ္မတလောင်း ဟားရစ် ဟာ လူမည်း-အာရှနွယ်ဖွား အမေရိကန် နိုင်ငံသား ဖြစ်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဟားရစ် ဟာ ပထမဦးဆုံး အမျိုးသမီး ဒုသမ္မတ ဖြစ်လာမယ့်သူ ဖြစ်ပါတယ်။

 

 

အသက် ၇၇ နှစ်အရွယ် သမ္မတလောင်း ဘိုင်ဒန် ရွေးချယ်လိုက်တဲ့ ဒုသမ္မတလောင်းဟာ တစ်ချိန်က ဘိုင်ဒန်နဲ့ သမ္မတလောင်း ရွေးပွဲမှာ ယှဉ်ပြိုင်ဖူးသူ ဖြစ်ပါတယ်။

 

 

ကာမာလာ ဟားရစ် ဖခင်ဖြစ်သူဟာ ဂျာမေကာနိုင်ငံမှ ရွှေ့ပြောင်းလာသူဖြစ်ပြီး  မိခင်ဖြစ်သူကတော့  အိန္ဒိယနိုင်ငံကနေ ရွှေ့ပြောင်းလာသူတို့မှ မွေးဖွားလာသူ ဖြစ်ပါတယ်။ 

 

 

အသက် ၅၅ နှစ်အရွယ် ဟားရစ် ဟာ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ပထမဦးဆုံး အိန္ဒိယ အနွယ်ဖွား ဖြစ်ပါတယ်။

 

 

ဟားရစ်ဟာ အမေရိကန် သမိုင်းမှာ တတိယမြောက် အမျိုးသမီး ဒုသမ္မတလောင်း ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က ဒီမိုကရက်တစ်ပါတီကနေ ရွေးချယ်တဲ့ ဂျရာဒင်း ဖာရာရို၊ ၂၀ဝ၈ ခုနှစ်မှာ ရီပက်ပလစ်ကန်ပါတီကနေ ရွေးချယ်တဲ့ ဆာရာ ပီလင်း တို့ ဖြစ်ပါတယ်။

 

 

အမေရိကန် သမိုင်းမှာ အမျိုးသား သမ္မတလောင်းအဖြစ် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖူးတဲ့ ဟီလာရီ ကလင်တန် ဟာ သမ္မတ ထရမ့်ကို ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

 

 

နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ဘိုင်ဒန် အနိုင်ရခဲ့မယ်ဆိုရင် အသက်အကြီးဆုံး အမေရိကန် သမ္မတ ဖြစ်လာမှာ ဖြစ်သလို ပထမဦးဆုံး အမျိုးသမီး ဒုသမ္မတ အဖြစ် ဟားရစ်က တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

 

 

ဒီနေ့ (ဗုဒ္ဓဟူးနေ့)မှာ ဘိုင်ဒန် နဲ့ ဟားရစ်တို့ နှစ်ယောက်တွဲပြီး  ဝီမင်တန်နဲ့ ဒယ်လဝဲမှာ ပထမဆုံး မဲဆွယ် ဟောပြောမယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား- AFP