တီဟီရန်  ဇွန် ၂၉

 

အီရန်နိုင်ငံမှ  မဲဆန္ဒရှင်များသည် ၎င်းတို့၏ သမ္မတသစ်ကို  ရွေးချယ်နိုင်ရန်အတွက် ဇွန် ၂၈ ရက်က စတင် ဆန္ဒမဲ ပေးနေကြပြီဖြစ်သည်။ ယခုရွေးကောက်ပွဲသည် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒီ နှစ်ဦးနှင့်  ပြုပြင်ပြောင်းလဲရေးဝါဒီ တစ်ဦးတို့  အဓိကပါဝင်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲဖြစ်သည်။

 

ပြီးခဲ့သည့်လက ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့သည့်  သမ္မတအီဗရာဟင်ရိုင်စီ၏  နေရာကို   ဆက်ခံမည့် သူကို ရွေးချယ်ရန်  မဲပေးဆုံးဖြတ်မှုလည်းဖြစ်သည်။

 

ဂါးဒီးယန်းကောင်စီ၊ အစ္စလာမ္မစ်ဥပဒေပညာရှင်နှင့် အခြားအဖွဲ့ဝင်များက ရွေးကောက်ပွဲဝင်မည့်လူ  ခြောက်ဦးကို   အတည်ပြုခဲ့သော်လည်း နှစ်ဦးမှာ နုတ်ထွက်သွားခဲ့သည်။

 

အဓိက   ရွေးကောက်ခံကိုယ်စားလှယ်လောင်း သုံးဦးမှာ အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် စိတ်မ၀င်စား သော  ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒီ နှစ်ဦးနှင့် တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းသည့် ပြုပြင် ပြောင်းလဲရေးသမား တစ်ဦးတို့ဖြစ်သည်။

 

အဓိက ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးမှာ ဆာအိဒ်ဂျာလီလီဖြစ်သည်။ ၎င်းသည် အမျိုးသား ကာကွယ် ရေးနှင့် နိုင်ငံခြားရေးဌာနကို  တာဝန်ယူသည့် အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။   အခြား တစ်ဦးမှာ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ ပါလီမန်ဥက္ကဋ္ဌ မိုဟာမက်ဘာကာ ခါလီဘတ်ဖ်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည်  ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအကြား ထောက်ခံမှုရရှိရန် ကြိုးစားနေရသည်။

 

ပြုပြင်ပြောင်းလဲရေး ကိုယ်စားလှယ်လောင်းမှာ ပါလီမန်အမတ်နှင့် ကျန်းမာရေးဝန်ကြီး မာဆွတ်ဒ် ပီဇက်ရှ် ကီယန်ဖြစ်သည်။  ဇွန် ၂၉ ရက်အစောပိုင်းတွင် ရွေးကောက်ပွဲအကြိုရလဒ်များ ထွက်ပေါ်လာဖွယ်ရှိသည်။ အကယ်၍ ကိုယ်စားလှယ်လောင်းတစ်ဦးက အပြတ်အသတ် အနိုင်ရရှိခြင်းမရှိပါက ထိပ်တန်းမဲ ရရှိသူနှစ်ဦးက  ဇူလိုင် ၅ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ