နေပြည်တော် ၁၀  နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပညာရေးငွေစုငွေချေး သမဝါယမအသင်းမှ ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရေးအတွက်  ဆန်ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယအသင်းရုံး၌ ကျင်းပသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အသင်းသားတစ်ဦးလျှင် ပေါ်ဆန်းမွှေး(ကြားပျံ) ခြောက်ပြည် အိတ် တစ်အိတ်နှုန်းဖြင့် အသင်းသား ၉၆၆ ဦးသို့ စုစုပေါင်းတန်ဖိုးကျပ် ၁၂၅ ဒသမ ၅၈ သိန်းခန့်အား ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ရေဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကော်မတီသို့ အလှူငွေကျပ်နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သီဟစည်သူ