၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်
ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသဖြင့် ယင်းအခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက်လည်းကောင်း သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်အား အသိပေးတင်ပြအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး No Profit, No Loss ဟူသော သမဝါယမမူတစ်ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရောင်းချရန်အခက်အခဲရှိသည့် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းစုချုပ်များ၊ သမဝါယမဦးစီးဌာနရုံးချုပ် (ဖုန်း ၀၆၇-၃၄၁၀၃၄၁၊ ၀၆၇-၃၄၁၀၃၄၅)၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၅၂-၂၂၂၂၅၂၁၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၁-၈၃၉၈၅၉၉)၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၄၂-၂၄၃၂၆) သို့လည်းကောင်း ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သမဝါယမဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


