နေပြည်တော် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ရောက်ရှိပြီး တက္ကသိုလ်အဝင် အဓိပတိလမ်း တိုးချဲ့ဖောက်လုပ်ရေးနှင့်  တက္ကသိုလ်ဝင်းအတွင်း နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရန် တည်ဆောက်ဆဲ အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည်  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အမှာစကားများ ပြောကြားသည်။ ထို့နောက်  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘွဲ့ရမောင်မယ်များထံ ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့သည်။

သတင်းစဉ်