စစ်ကိုင်း ၃၁ ဇူလိုင်
သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နဝမအကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက ယခုဖတ်ကြား တင်ပြသွားမည့် သုတေသနစာတမ်းတွေကို ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်ဝင်စားစွာလေ့လာ သွားကြစေလိုကြောင်း မိမိတို့ကိုယ်တိုင် သုတေသနစာတမ်းများ ရေးသားတင်ပြကြတဲ့အခါ လုပ်ငန်းဆောင် ရွက်မှုများအဆင်ပြေချောမွေ့လာမှာဖြစ်ကြောင်း၊ နှစ်စဉ်စာတမ်းဖတ်ပွဲတွေကို ကျင်းပလာခဲ့တာယခုဆိုလျှင် နဝမအကြိမ် ရောက်ရှိခဲ့ပြီး နောင်နှစ်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများဖြစ်သည့် စာတမ်းရှင်(၁၂)ဦးတို့က သုတေသနစာတမ်းများ ဖတ်ကြားသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


