ရန်ကုန် ၂၆ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာန သမဝါယမ တက္ကသိုလ်(သန်လျင်)၏ ဆဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းက နိုင်ငံတော်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စိတ်ရော ကိုယ်ပါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် မျိုးဆက်သစ် သမဝါယမ လူငယ်ခေါင်းဆောင် ကောင်းများ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယနေ့အခမ်းအနားတွင် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ ၂၁ ဦး၊ အသုံးချ စာရင်းအင်းပညာ မဟာဘွဲ့ ၄ ဦး၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ ၁၅ ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ မဟာဘွဲ့ ၄ ဦး၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ ၄ ဦး၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ ၂ ဦး၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ ၃ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်းပညာနှင့် ဘဏ္ဍာရေး ပညာ) ၁၀၁ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) ၈၅ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲ့မှုပညာ) ၁၀၆ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှု ပညာ) ၇၃ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ) ၇၄ ဦးနှင့် စီးပွားရေး သိပ္ပံဘွဲ့ ၅၇ ဦးကို ဘွဲ့များအပ်နှင်းခဲ့သည်။
သတင်းနှင့် ဓာတ်ပုံ - ကိုဇော်(ဒလ)