နေပြည်တော် ၁၈ မေ

 

သမဝါယမဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် COVID-19 ကာလအတွင်းနှင့် COVID-19 ကာလအလွန်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော သမဝါယမအသင်းများ၏ Contract Farming လုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းများ၊ သမဝါယမအရောင်းဆိုင်များကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

MDN