၂၈ ဇူလိုင်

           

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ၌ ကျင်းပရာ ဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား ၄၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

           

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

           

အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများဖြစ်သော အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့် သင်တန်းအမျိုးအစား(၃)မျိုးကို ရုံးဖွင့်ရက်များတွင် လုပ်ငန်းခွင်မပျက် အပတ်စဉ် ၂၇-၇-၂၀၂၀ မှစတင်ကာ ၂၆-၁၁-၂၀၂၀ နေ့အထိ၊ မွန်းလွဲ (၁:၀၀)နာရီမှ ညနေ(၄:၁၀)အတွင်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ Physical Distancing ပုံစံဖြင့် စာသင်ခုံများထားရှိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန