နေပြည်တော်၊ စက်တင်ဘာ ၁၂  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာ ၁၁ ရက်  မွန်းလွဲ ၃ နာရီခွဲတွင်  သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင်ရပ်ကွက်၊ ဝေဇယန္တာ လမ်းရှိ ဟိုတယ်အခန်းအမှတ် (၃၀၁) ၌ တည်းခိုနေသည့် မျိုးသူရအောင်(ခ)သူရ၏အခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ၊ အက်တက်စီဆေး ၉ ပြား၊ ကက်တမင်း သုည ဒသမ ၀၁၃ ကီလိုတို့ကိုသိမ်းဆည်းရမိခဲ့သည်။ ထိုနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကျန် ကျေးရွာလမ်း မပေါ်တွင် ပေါဆု ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံ ကန်ဘေးရှိ လမ်းမပေါ်၌ ဖိုးနေလ မောင်းနှင်ပြီး ကျလဲ လိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာ ၁၀ ရက် ညနေ ၆ နာရီတွင်   တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ အိမ် အမှတ်(တကက ၁၃၄/၁၀)သို့ ဝင်ရောက်ရှာဖွေရာ နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန် (ခ) ဖုန်ဆပ်(ခ) Mr. PHON SUB ကို တွေ့ရှိရပြီး ပစ္စတိုသေနတ် ၁ လက်(မကောင်း)နှင့် ဆက်စပ် ပစ္စည်းများ၊ ၎င်းကျည်အိမ် ၃ ခု၊ 45 Auto ကျည် ၁၃ တောင့်၊ .38 Special ခြောက်လုံးပြူး သေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀  စုစုပေါင်း ငွေကျပ် ၁,၃၇၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများ၊ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိသိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား