ရန်ကုန်၊ ၂၄ မေ

ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ရာ မေ ၂၄ ရက် နံနက်ပိုင်းအချိန်မှစပြီး ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားမိဘများကို ငွေကြေးကောက်ခံခြင်းမရှိဘဲ ကျောင်းသားကျောင်းသူများအတွက် Mask၊ Face Shield၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိပြီး မေ ၂၄ ရက်မှ ၃၁ ရက်ထိ နေ့စဉ် နံနက် ၉ နာရီ မှ ၁၂ နာရီထိ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၇)ကျောင်းရှိပြီး ကျောင်းအပ်လက်ခံပေးနေသည့် အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)

mdn