သင်္ဃန်းကျွန်း ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနား၌ အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး က လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် သင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးခင်သန်း က သင်တန်းတွင် သင်ကြားမည့်အစီအစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းစန်းမော်၊ ဒု-မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းထိုက်နှင့် တပ်ခွဲမှူး ဦးဟိန်းလတ်နိုင် က စာတွေ့/လက်တွေ့ပို့ချခြင်းများကို ဧပြီ ၂၉ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိသင်တန်းသူ၊ သင်တန်းသား ၄၀ အားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး