ရန်ကုန်  ၂၃  အောက်တိုဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လူထုအခြေပြုဖျားနာကုအခမဲ့ဆေးခန်း(Fever Clinic) ကို ယနေ့နံနက် ၉ နာရီက အထက(၄) သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းတွင် ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ဆေးခန်းကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ တစ်ပတ်လျှင် သုံးရက် ဖွင့်လှစ်ကုသပေးသွား မည်ဖြစ်သည်။

 

ဖျားနာကုဆေးခန်း လာပြသူများထဲတွင် ကိုဗစ်-၁၉ ရောဂါ  သံသယ လက္ခဏာရှိသူများ၊ ကိုဗစ်-၁၉ ရောဂါအတွက် ဆေးစစ်ဖို့ အချက်အလက်များနဲ့ အကျုံးဝင်သူများကို AYEYARWADDY TEST and CARE CENTRE သို့ ဆေးစစ်ရန် ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရောဂါ လက္ခဏာများပြင်းထန်ပါက  သဃ်န်းကျွန်း (စံပြ) ဆေးရုံကြီးသို့ လွှဲပြောင်း ကုသပေးမှာဖြစ်ပါတယ်။

 

မလိုအပ်ဘဲ ထိတွေ့၊ ကူးစက်မှာ စိုးရိမ်သဖြင့် ဖျားနာ၊ချောင်းဆိုး၊အနံ့ပျောက်နဲ့ကိုဗစ်-၁၉ သံသယ လက္ခဏာရှိတဲ့သူများသာ လာပြကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ဟု ဒေါက်တာကျော်စွာဦးက ပြောကြားခဲ့သည်။

 

ဆေးခန်းဖွင့်လှစ်ရာသို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ကော်မတီဝင်တို့က သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ရဲမင်းထွန်း (ပြန်/ဆက်)