သင်္ဃန်းကျွန်း အောက်တိုဘာ ၂၂

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံးတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုအသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပတ်ဝန်းကျင်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပပမင်းက ယနေ့ ကမ္ဘာပေါ်တွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှုများ၊ ပလတ်စတစ် အမျိုးအစားများ၊ ပလတ်စတစ် စတင်သုံးစွဲမှု အခြေအနေများ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်ခါသုံးပလတ်စတစ် ထုတ်လုပ်မှု/ သုံးစွဲမှု/စွန့်ပစ်မှု အခြေအနေများ၊ ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်စွန့်ပစ် ဝင်ရောက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း ပလပ်စတစ်သုံးစွဲမှုနှင့် စွန့်ပစ်မှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပလတ်စတစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေများနှင့် ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြပြီး အများပြည်သူ အသိပညာဗဟုသုတ ရရှိစေနိုင်သော ဆွေးနွေးပွဲ(Talk show)များ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ဆက်)