ရန်ကုန် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက် ဦးဘဟန်လမ်း အမှတ်(၄၂)တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအဆောက် အဦးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါနေရာ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

အဆိုပါ တရားရုံးအဆောက်အဦးသစ် ဖွင့်လှစ်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တရားရုံးအဆောက်အဦးသစ်အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တရားလွှတ်တော် တရားသူကြီးချုပ်တို့က ဖဲကြိုး ဖြတ်ပြီး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အဆိုပါအဆောက်အဦးသစ် အတွင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် အဆောက်အဦးသစ်နှင့်စပ်လျဉ်း၍ Diamond City Co., Ltd. မှ တာဝန်ရှိသူက ရှင်းလင်းတင်ပြပြီး အဆောက်အဦးသစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို သင်္ဃန်း ကျွန်းမြို့နယ် တရားသူကြီး ဦးသန်းလွင်ကို လွှဲပြောင်းပေးအပ်သည်။

အဆိုပါ တရားရုံးအဆောက်အဦးသည် အလျားပေ ၁၅၀၊ အနံ ပေ ၄၀၊ အမြင့်ပေ ၇၀၊ Pile Foundation ဖြင့် တည်ဆောက်ထားသည့် သံကူကွန်ကရစ် ငါးထပ် အဆောက် အဦးသစ် ဖြစ်သည်။ 

(သတင်းစဉ်)