ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၌ ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များ အလွယ်တကူ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဧည့်မထဆန် ငါးပြည် တစ်အိတ်လျှင် ငွေကျပ် ၅၀၀ဝ၊ ပေါ်ဆန်းမွှေး ဆန် ငါးပြည်တစ်အိတ်လျှင် ငွေကျပ် ၈၅၀ဝ၊ စာအုန်း ဆီ ၅၀ ကျပ်သား တစ်ဘူးလျှင် ငွေကျပ် ၁၈၅ဝ၊ ကြက်ဥ ၁၀ လုံး တစ်ကတ်လျှင် ငွေကျပ် ၁၃၀ဝ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဆန်ချော အိတ် ၈၀၊ ဆန်ကြမ်း အိတ် ၁၀၀၊ ဆီဘူး ၁၅၀၊ ကြက်ဥ ကတ် ၂၀၀ တို့အား ရောင်းချပေးခဲ့သည်။
စန္ဒာမိုး(ပြန်/ဆက်)


