ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းက မြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများကို မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်၍ ပြောကြားရာတွင် ကျောင်အုပ်ကြီးများအနေဖြင့် ခေါင်းဆောင်မှုအရည်အသွေး ပိုမိုတိုး တက်စေရန်နှင့် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ သင်ကြားရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင် စေရန်၊ အလုပ်တာဝန်နှင့် စည်းကမ်းများကို တန်ဖိုးထားလိုက်နာပြီး အရည်အချင်းပြည်ဝသော ကျောင်းအုပ်ကြီး များဖြစ်အောင် ကြိုးစာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ(၂၇)ရက်မှ (၂၈)ရက်အထိ နှစ်ရက်ကြာ ဆွေးနွေး သွားမည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၄၇)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)