ရန်ကုန် ဒီဇင်ဘာ ၆

 

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ဈေး စံပြရပ်ကွက်နှင့် သုပဏ္ဏ ၂၅ ရပ်ကွက်တို့တွင် ကြက်ဥနှင့် ကြက်သားများကို သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။

 

ထိုသို့ရောင်းချရာတွင် MRC ကြက်ဥဒိုင် မွေးမြူရေးလုပ်ငန်းစုမှ ကြက်ဥ အလုံး ၁၁၀၀၀ အား တစ်လုံးလျှင် ၃၆၅ ကျပ်ဖြင့် လူတစ်ဦး ကြက်ဥ ၁၀ လုံးနှုန်းဖြင့်လည်းကောင်း၊ Fresh Egg ကြက်ဥအရောင်းဆိုင်မှ ကြက်ဥ အလုံး ၁၀၅၀၀ အား တစ်လုံးလျှင် ငွေကျပ် ၃၇၀ဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်းဖြင့်လည်းကောင်း၊ PPA ကြက်သားအရောင်းဒိုင်မှ ကြက်သားတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

သူရိန်(ပြန်/ဆက်)