နေပြည်တော် ၁၃ မေ
မူးယစ်တပ်ဖွဲ့(၄၂) ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၂ ရက် ည ၇ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/ခ)ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ရွှေကိန္နရီအိမ်ရာ၊ တိုက်(၅)၊ အခန်းအမှတ်(၃၀၃)နေ စိုးဝင်း(ခ)ကိုရဲ၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၃၅၀ ၊ အိုက်စ် ၂၁ ဂရမ်၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့နံနက် ၁၀နာရီခွဲက တပ်မတော်မှ တာချီလိတ်မြို့နယ်၊ မိုင်းဖုံး(ခ) ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာအနီး မယ်ဆိုင်ချောင်းဘေးတစ်လျှောက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ကျောပိုးအိတ်တစ်လုံးနှင့် ဆာလာအိတ် ၂ လုံးတို့ကို တွေ့ရှိ၍ဖွင့်ဖောက်စစ်ဆေးရာ ကတ်တမင်း ကီလို ၆၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
MDN