ရန်ကုန်  ၂၄  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အဆိုပါ သင်တန်းတွင် သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် သင်တန်းနည်းပြ များက သင်တန်းသား မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြဌာန်းထားသောရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ ပုံစံများ၊မဲရုံလုပ်ငန်းစဉ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

 

သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၁၈၃၄၇၅) ဦးရှိပြီး မဲရုံ(၁၃၉)ရုံစီစဉ် ဆောင်ရွက်ထားရှိကာအဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၃၅၄)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့် အညီ  နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။

 

ရဲမင်းထွန်း(ပြန်/ဆက်)