ရန်ကုန်  ဇူလိုင်  

Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများလာမှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အများပြည်သူ များ Covid-19 အသိ၊ သတိနှင့်အတူ သွားလာနေထိုင်မှု ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်  နာရီက ဦးဘဟန်လမ်းနှင့် ရပ်ကွက်များအတွင်းသို့ Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကိုဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထူး၊ အဖွဲ့ဝင်(ဗိုလ်မှူး ညီဖြိုးဝေနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ နှာခေါင်စည်း(Mask)အခုရေ (၂၀၀၀)ခန့်အား လမ်းသွားလမ်းလာ ပြည်သူများ၊ ရပ်ကွက်နေပြည်သူများအား မျှဝေပေးခြင်းနှင့် Covid-19 အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)