သင်ဈေးနှုန်းများမြင့်တက်လာ၍ သင်ဖျာရက်လုပ်ငန်းများ လုပ်ကိုင်သူနည်းပါး

ဆားလင်းကြီး  ၂၇ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများတွင် ယခင်က သင်ဖျာရက်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ယခုအခါတွင် သင်ဈေးနှုန်းများမြင့်တက်လာသဖြင့် သင်ဖျာရက်လုပ်ကိုင်သူများ နည်းပါးလာခဲ့ကြောင်း သိရသည်။  

 

a

 

"အရင်တုန်းက သင်ဖျာရက်လုပ်ရတာ အဆင်ပြေတယ်။ ယခုသင်ဈေးနှုန်းမြင့်တက်ပေမယ့် သင်ဖျာဈေးနှုန်းက ပုံမှန်ပဲဆိုတော့ လုပ်ကိုင်သူနည်းပါးလာပြီး အခြားအလုပ်တွေဖြစ်တဲ့ ဖရဲခင်း၊ သခွားခင်းတွေဘက်ကို ပြောင်းပြီးလုပ်ကြတယ်။ အဲဒီမှာက တစ်နေ့ကို စရိတ်ငြိမ်း ၄၅၀ဝ ကျပ်ရတယ်။ ရွာမှာက တစ်နေကုန်သင်ဖျာရက်မှ ၂၀ဝ၀ လောက်ပဲရတယ်ဆိုတော့ သင်ဖျာလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာခဲ့တာပါ"ဟု ခွင့်သာကျေးရွာမှ သင်ဖျာလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်လင်းက ပြောသည်။

 

သင်ဈေးနှုန်းအနေဖြင့် ယခင်နှစ် သင်အတို (၂)တောင်သင်တစ်စည်းမှာ ၃၅၀ဝ ကျပ်ရှိရာ ယခုဈေးနှုန်းက ၆၀ဝ၀ ဈေးရှိကြောင်း၊ သင်အရှည် (၅) တောင်သင်က ၃၅၀ဝ၀ ဈေးရှိရာမှ ယခု ၆၀ဝ၀ဝ ဈေးသို့ မြင့်တက်လာသဖြင့် သင်ဖျာရက်လုပ်ငန်းကို လုပ်ကိုင်သူများ နည်းပါးလာကြောင်း သိရသည်။

 

e

 

သင်ဖျာရက်လုပ်ငန်းကို ဆာလင်းကြီးမြို့နယ်အတွင်းရှိ ဆားခါး၊ ခွင့်သာ၊ သံလျှက်ကိုင်း၊ နှောကူးတို့၊ ငါးခုန်၊ ညောင်ပင်ကိုင်း၊ ဘုတ်စု၊ ရင်ပေါင်တိုင် ကျေးရွာများတွင် ယခင်က စီးပွားဖြစ် ရက်လုပ်လျက်ရှိကြောင်း သိရသည်။ 

 

ဇော်လင်း(ဆားလင်းကြီး)