၄ ဇူလိုင်
အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများအတွက် ဒေါက်တာ ရတနာလင်းဦး စီစဉ်ရေးသားသည့် သင်္ချာဉာဏ်စမ်းပုစ္ဆာများ စာအုပ်ထွက်ရှိလာသည်။
အဆိုပါစာအုပ်သည် သင်္ချာစွမ်းရည်၊ နားလည်မှု၊ အယူအဆနှင့် ဗဟုသုတများ အကဲဖြတ်နိုင်သော စာအုပ်ဖြစ်သည်။ မေးခွန်းရှစ်စုံပါဝင်ပြီး မေးခွန်းတစ်စုံချင်းစီသည် ကျောင်းစာမေးပွဲများဖြေဆိုရာတွင် လေ့ကျင့်နိုင်သောမေးခွန်းများဖြစ်သည်။
စာအုပ်၏နောက်ဆုံးတွင် အဖြေများကို အမှတ်ပေးစည်းမျဉ်းများနှင့်အတူ ဖော်ပြထားသဖြင့် ကျောင်းသား ကျောင်းသူများ မေးခွန်းများကို လေ့ကျင့်ခြင်းဖြင့် ကျောင်းစာမေးပွဲတွင် အထောက်အကူဖြစ်နိုင်စေရန်ရည်ရွယ်၍ ရေးသားထားသည်။
ကြေးမုံ စာအုပ်စင်


