မင်းလှ ၁၄ ဧပြီ

 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဘန်ဘွေးကုန်းကျေးရွာ၊ မုက္ခာဆည်အနီးရှိ မုက္ခာရေတံခွန် ဆင်စခန်း၌ ယနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် လာရောက်ရေကစား လည်ပတ်အပန်းဖြေသူများ ပိုမိုများပြားလျက်ရှိသည်။

 

ေေေ

 

မုက္ခာရေတံခွန်ဆင်စခန်းကို အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများနှင့် လူငယ်လူရွယ်များ၊ ဝန်ထမ်းမိသားစုများ ဒေသခံပြည်သူများ ပျော်ရွှင်စွာ စိတ်ဝင်တစား လာရောက်လည်ပတ်ကြ၍ အလွန်စည်ကားလျက်ရှိကြောင်း သိရသည်။

 


အဆိုပါ မုက္ခာရေတံခွန်ဆင်စခန်းအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်ခဲ့ပြီး ဆင်စခန်းတွင် ဌာနပိုင် ဆင်(၁၄)ကောင်ထားရှိကြောင်း၊ ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်များဖြင့် အမှတ်တရ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်ပြီး သဘာဝနားနေဆောင်များနှင့် ဝါးရုံပင်များအောက်တွင် အပန်းဖြေအနားယူနိုင်ကြောင်း၊ ကလေးကစားကွင်းထားရှိပေး၍ ကလေးများ ပျော်ရွင်စွာ ဆော့ကစားနိုင်ကာ ပန်းပုလက်ရာများဖြစ်သော ဆင်ရုပ်၊ မြင်းရုပ်၊ ငါးရုပ်၊ သမင်ရုပ်၊ ခြင်္သေ့ရုပ် စသည်တို့ကိုလည်း အမှတ်တရဝယ်ယူနိုင်ကြောင်း၊ ဆင်စီးပြီး သဘာဝတောတောင် အလှအပများကို ကြည့်ရှုနိုင်သည့်အပြင် မုက္ခာရေတံခွန်၌လည် ရေးချိုး၊ ရေဆော့ကစားခြင်းများဖြင့် ပျော်ရွှင်ကြည်နူးနိုင်ပြီး မော်တော်ဆိုင်ကယ်နှင့် ယဉ်ရပ်နားကွင်းများ၊ အဝတ်လဲခန်းနှင့် သန့်စင်ခန်းများ စီစဉ်ဆောင်ရွက်ထားရှိပေးကြောင်း သိရသည်။ 

 

န

 

သင်္ကြန်ကာလအတွင်း အထူးအစီအစဉ်တစ်ခုဖြင့် ဈေးရောင်းပွဲတော်တွင် အပျော်စီးချားရဟတ်များနှင့် ဈေးဆိုင်ခန်းပေါင်း (၂၀)ကျော် ဖွင့်လှစ်ပေးထားရာ အထူးစည်ကားလျက်ရှိကြောင်း၊ လာရောက်လည်ပတ်သူများ၏ လုံခြုံရေးအား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက တာဝန်ယူစောင့်ကြပ်ပေးကြောင်း သိရသည်။

 


"လာရောက်လည်ပတ်သူများအား ပျော်ရွှင်စေဖို့အတွက် အကောင်ဆုံးဖြစ်အောင် စီစဉ်ထားပေးကြောင်း၊ နေရာထိုင်ခင်းအား သန့်ရှင်းသပ်ရပ်စွာ ထားရှိကြောင်း၊ ဧည့်သည့်များအား ဆင်စခန်းဝန်ထမ်းများမှ ကောင်းမွန်စွာ ပြောဆို့ဆက်ဆံခြင်းဖြင့် ဝန်ဆောင်မူများ ပေးလျက်ရှိကြောင်း၊ ဆင်စခန်းကို လာရောက်သူများအား ကျေးဇူးတင်ကြောင်းနှင့် အမြဲလာရောက်အပန်းဖြေစေလိုကြောင်း၊ ဆင်စခန်းဝင်ကြေးနှင့် ဆင်စီးကကို ဈေးနူန်းတိုးမြှင့်ခြင်းမရှိဘဲ ယခင်ဈေးနူန်းအတိုင်းသာ ကောက်ခံခြင်းဖြစ်ကြောင်း" မုက္ခာရေတံခွန်ဆင်စခန်းတာဝန်ခံ ဦးအောင်စောလင်းက ပြောသည်။

 

်

 

"ဆင်စခန်းလာရောက်လည်ပတ်ရတာ အဆင်ပြေပြီးတော့ အေးချမ်းစွာနေရပါတယ်၊ နားနေဆောင်လေးတွေ ထားရှိပေးတော့ မိသားစုများ ကောင်းစွာနေထိုင်ရပြီး ယူဆောင်လာသော အစားအသောက်များကိုစားရင်း အပန်းဖြေရပါတယ်၊ ဆင်များ၏ သဘာဝကို ထိတွေ့ခွင့်ရပြီး ဗဟုသုတလည်းရပါတယ်၊ ရေတံခွန်၌လည်း ရေကစားရတာ အေးမြပြီး အလွန်ပျော်ဖို့ကောင်းပါတယ်ဟု" လက်ပံတန်းမြို့နယ်မှ လာရောက်လည်ပတ်သူများက ပြောသည်။ 

 


ပေါက်စ(မင်းလှ)