သင်္ကြန်ကာလအပြီး၌ မုန်ညှင်းထုပ်‌ဈေးနှုန်းများ မြင့်တက်လာ

ရန်ကုန်၊ ဧပြီ ၁၉

သင်္ကြန်ကာလအပြီး၌ မုန်ညှင်းထုပ်‌ဈေးနှုန်းများ မြင့်တက်လာကြောင်း ကုန်စိမ်းဈေးကွက်အတွင်းမှ သိရသည်။ ကုန်စိမ်းဈေးကွက်အတွင်း၌ ယင်းကဲ့သို့ မုန်ညှင်းထုပ်များ ဈေးများမြင့်တက်လာရခြင်းမှာ ဝယ်လိုအား မြင့်တက်‌နေသောကြောင့်ဖြစ်ကြောင်း သိရသည်။

“မုန်ညှင်းက သကြန်မတိုင်ခင်တုန်းက တစ်ပိဿာ ကျပ် ၄၀၀၊ ကျပ် ၅၀၀။ အခု ကျပ် ၁၅၀၀ ဖြစ်သွားတယ်။ မုန်ညှင်းကတက်လာတယ်။ မုန်ညှင်းအဝင်နည်းသွားပြီ။ အဝင်နည်းတဲ့အချိန်မှာမှ အဆွဲများတယ်ပေါ့။ အဲဒီတော့ဈေးက နှစ်ဆသုံးဆဖြစ်သွားတယ်” ဟု ကုန်စိမ်းပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် လာမည့်မေလအထိ မုန်ညင်းဈေး မြင့်တက်နေဦးမည်ဖြစ်ပြီး ယင်းကဲ့သို့ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုကြောင့် တောင်သူများနှင့် ကုန်စိမ်းရောင်းဝယ်သူများအတွက် များစွာ အခက်တွေ့ရကြောင်း ကုန်သည်အသိုင်းအဝိုင်းများက သုံးသပ်ထားကြသည်။

“မုန်ညှင်းကတက်လည်း မေလတစ်လပေါ့။ ကျန်တဲ့အချိန်တွေ ဖောဖောသီသီဝင်လာရင်တော့ ဈေးပြန်ထိုးကျမယ်ပေါ့။ ကျွန်တော်တို့ ဒီဈေးကွက်ကိုထိန်းဖို့ တော်တော်လေးလေးလိုအပ်တယ်” ဟု မုန်ညှင်းစိုက် တောင်သူတစ်ဦးကဆိုသည်။

မုန်ညှင်းထုပ်များကို ဒေသမ⁠ရွေး စိုက်ပျိုးနိုင်သော်လည်း သင့်တင့်⁠သောရာသီဥတုတွင် ပိုမိုစိုက်ပျိုးကြသော်လည်း မုန့်ညင်းထုပ်သည် ⁠ဂေါ်ဖီမျိုးရင်းထဲပါ၀င်⁠ပြီး ⁠အေး⁠သောရာသီဥတုကို ကြိုက်နှစ်သက်ကြောင်းသိရသည်။ တစ်⁠နှစ်ပတ်လုံး မိုး⁠ရေချိန်သင့်တင့်စွာ ရွာသွန်း⁠သော ⁠ဒေသတို့တွင် မုန်ညင်းထုပ်ကို တစ်⁠နှစ်ပတ်လုံး စိုက်ပျိုးကြလေ့ရှိသည်။

Thit Taw