မန္တလေး ၂၅ ဖေဖော်ဝါရီ           

 

မန္တလေးမြို့တော် မဟာသင်္ကြန်ကာလညပိုင်းတွင် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်သော နေရာတစ်ခုဖြစ်လာနိုင်စေရန် ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားတွင် Night market တစ်ခု ဖန်တီးသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

42552

 

၃၈လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်း ကြားကို သင်္ကြန်ရက်မှာ ညပိုင်း ပိတ်ပြီးတော့ Night market တစ်ခုပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာ နိုင်ငံခြားသားတွေ တကယ့်ကိုလာပြီး လည်ပတ်တဲ့ နေရာလေးတစ်ခု ဖြစ်အောင်လို့လည်း လောလောဆယ်တော့ အကြံပြုထားတာ ရှိပါတယ်။ ညမှာ သူ့ရဲ့မိုဘိုင်းကားလေးတွေနဲ့ သူတို့ သပ်သပ်ရပ်ရပ်နဲ့ ယူနီဖောင်းတူရမယ်ပေါ့။ စင်ကအစ တကယ်လို့ သူတို့ တဲထိုးမယ်ဆိုရင်လည်း ယူနီဖောင်းတွေလည်း တူရမယ်။ အမြင့်တွေကလည်း တူရမယ်။ သန့်သန့်ရှင်းရှင်း ဖြစ်ရမယ်။ နေရာလေး တစ်ခုကိုတော့ ကျွန်တော်တို့ ညလေးမှာတော့ ဖန်တီးသွားဖို့ ရှိတယ်။ အဲဒီမှာ အရက်သေစာ ရောင်းချခွင့်မပြုဘူး ဟု  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

 

8521

 

မနော်ရမ္မံရှိ မဏ္ဍပ်ကို တိုင်ရင်းသားလူမျိုးစုများပါဝင်သည့် မဏ္ဍပ်တစ်ခု ကျင်းပနိုင်ရန်နှင့် ယိမ်းအကပြိုင်ပွဲ၊ သံချပ်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း၊ လမ်း၈၀၊ ၂၂ လမ်းမှ ၁၂ လမ်းထိ ရေကစား မဏ္ဍပ်ကြီးများကို ယခုနှစ်တွင် ပေ ၁၅၀ကို ကြမ်းခင်းဈေး ကျပ်သိန်း ၁၅၀ အကြမ်းဖျင်း သတ်မှတ်ထားပြီး လေလံပစ်သွားမည် ဖြစ်ကြောင်းနှင့် ရေကစားမဏ္ဍပ်ကြီး ဘေးတွင် ကာရံထားသော ဝင်းထရံများ၊ မဏ္ဍပ်များ၏ အပြင်နားနေဆောင်နေရာများကို အလုံပိတ်ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

 

ထိပ်ထားနိုင်