သင်္ကြန်ပွဲတော် အတက်နေ့တွင် မန္တလေးမြို့ပြင်ရှိ အပန်းဖြေစခန်းများသို့ လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် အထူးစည်ကား

မန္တလေး ၁၆ ဧပြီ

 

မြန်မာရိုးရာသင်္ကြန် အတက်နေ့၌ မန္တလေးမြို့ပြင် ပုသိမ်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည် ၃မိုင်၊ ၅ မိုင် ၊ ၆ မိုင်၊ ၇ မိုင် ရေကစားဥယျာဉ်အပန်းဖြေစခန်းများသို့ လာရောက် အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

မဟာသင်္ကြန် အတက်နေ့တွင် သင်္ကြန်ပွဲတော် နွှဲပျော်ကြသူများသည် မန္တလေးမြို့တွင်းနှင့် ကျူံးပတ်လည်၌ ကား၊ ဆိုင်ကယ်များဖြင့် ရေပက်ခံလည်ပတ်ကစားကြပြီး မြို့ပြင်နေရာများတွင် ဖွင့်လှစ်ထားသည် အပန်းဖြေ စခန်းများတွင် မိသားစုအလိုက် အေးချမ်းပျော်ရွင်စွာ အနားယူလျက်ရှိကြသည်။

 

1

 

" ကျွန်တော်တို့ ၆ မိုင် အပန်းဖြေစခန်းကို လာရောက် အပန်းဖြေသူတွေအတွက် လုံခြုံရေးကို အဓိကထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ အပန်းဖြေစခန်းက ဝန်ထမ်းတွေ ပူးပေါင်းပြီး ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် အပန်းဖြေစခန်းကို လာရောက်ကြတဲ့ ဧည့်သည်တွေရဲ့ ကုန်ဆုံးသွားသည့် အချိန်တွေကို တန်းဖိုးရှိရှိ ကျေနပ်စွာ အနားယူ အပန်းဖြေနိုင်ဖို့ လူကြီးရေကူးကန် ကလေးရေကူးကန်အပြင် အအေးခံပါတဲ့ ကလေးကစားကွင်းတွေကိုလည်း ထည့်သွင်းပေးထားပြီး ဝန်ဆောင်မူအပြည့်ဖြင့် ဆောင်ရွက်ပေးထားပါတယ်" ဟု ဖလန်း ဖလန်း ရေလှိုင်းကမ္ဘာ ရေကစားဥယျဉ် အပန်းဖြေစခန်း မန်နေဂျာ ကိုလိူင်ဝင်းစိုးက ပြောသည်။

 

မြန်မာရိုးရာ မဟာသင်္ကြန်အတက်နေ့တွင် မန္တလေးမြို့လုံးအနှံ့ ကား၊ ဆိုင်ကယ်များဖြင့် လည်ပတ်ရေကစားကြသူများဖြင့်  ကြိတ်ကြိတ်တိုး စည်ကားနေသည့်အပြင် အေးချမ်းပျော်ရွင်စွာ  အနားယူနိုင်ရန် အပန်းဖြေစခန်းများသို့လည်း သွားရောက် လည်ပတ်သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

1