နေပြည်တော် ၁၈ ဧပြီ
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရနိုင်သည့်အတွက် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံးကို အရေးကြီးကိစ္စရပ်များ (နာရေး) မှအပ ခရီးသွားလာခြင်းအား ခွင့်မပြုရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ပါသည်။
အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဝန်ထမ်းတစ်ဦးဦး ရောဂါကူးစက်ခြင်းခံရပါက ၎င်းမှတစ်ဆင့် ရုံးဌာနအတွင်းရှိ အခြားဝန်ထမ်းများသို့ ဆက်လက်ကူးစက်ပြီး ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်မည့် အခြေအနေဖြစ်ပေါ်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ နေပြည်တော်မှ ဝန်ထမ်းများအနေဖြင့် မိမိတို့အိမ်ရာနှင့် အိပ်ဆောင်များတွင် ညွှန်ကြားချက်ကို မလိုက်နာဘဲ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နေပြည်တော်ပြင်ပ အခြားဒေသများသို့ ခရီး ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းနှင့်မိသားစုဝင်များရှိပါက covid19complain@presidentoffice. gov.mm သို့ e-mail ဖြင့် တိုင်ကြားသတင်းပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် ပါဝင်ကူညီ ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတရုံးမှ တိုက်တွန်းနှိုးဆော်ထားသည်။
MDN
Crd-Myanmar President Office