သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ

ရေးသားသူ Kyaw Thura Htun

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

 

သင့်မှာ သွေးတိုးရှိနေရင်သင့်ကိုယ်သင်ဘယ်လိုဂရုစိုက်ရမလဲ။

 

သင့်ရဲ့သွေးပေါင်ချိန်ကို ထိန်းဖို ့နည်းလမ်း ၈ သွယ်ရှိပါတယ်။

 

ဆားလျှော့စားပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ စားသောက်မှှုပုံစံပြောင်းပါ။

 

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

 

ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းထားပါ။

 

စိတ်ဖိစီးမှုမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ပါ။

 

ဆေးရွက်ကြီးမသောက်ပါနဲ့။

 

ဆေးမှန်မှန်သောက်ပါ။

 

အရက်ကိုလျှော့သောက်ပါ။

 

ရေနွေးကန်ထဲမှာစိမ်ခြင်းသည် စိ်တ်ချရပါသည်။

 

 

နေထိုင်မှုပုံစံ တိုးတက်ပြောင်းလဲဖို့ကလည်း အရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကို ဆေးသောက်စရာမလိုဘဲ ကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကို ကြိုတင်ကာကွယ်ဖို့အတွက် အရေးကြီးသလို ထိန်းချုပ်ဖို့အတွက်လည်း အရေးပါပါတယ်။ ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့ စိတ်ထဲကမှတ်ယူပြီး စိတ်အားထက်သန်စွာလိုက်နာပါ။

 

 

တကယ်လို့ သင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေ မြင့်စေသောအရာအချို့ ရှိနေလို့ သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို ့ရတယ်ဆိုတာပါပဲ။

 

 

ကျန်းမာတဲ့ နေထိုင်မှုပုံစံကို သင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ

 

သွေးတိုးကျလာမယ်။

 

သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်မယ်။

 

သင့်ရဲ့ သွေးကျဆေးအာနိသင်တွေကိုပိုပြီးထိရောက်စေမယ်။

 

နှလုံး၊ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေနည်းလာမယ်။

 

သင်ဘယ်လိုလုပ်ရမလဲဆိုတော့ 

 

သွေးတိုးရှိနေတဲ့သူတွေရဲ့ ၂၀ ရာခိုင်နှုန်းက သူတို့သွေးတိုးရှိနေမှန်း မသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးက သူတို့ကို နောက်ပိုင်းဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ဆရာဝန်ဆီမှာသွားရောက်စမ်းသပ်စစ်ဆေးပါ။

 

 

သင့်ကုသမှုတွေပိုမိုထိရောက်ဖို့သင်လုပ်သင့်တာလုပ်ပါ

 

သွေးတိုးမှာကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။သင့်ရဲ့ဆရာဝန်နဲ့ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။

 

 

သင့်ဘဝကိုပြောင်းလဲပြီး သွေးတိုးဖြစ်ပွားနိုင်ခြေမြင့်စေတဲ့အရာတွေကိုလျှော့ချပါ။

 

တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ဘဝကိုရစေနိုင်ပါတယ်။

 

 

နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ ့ 139 mmHg ကြား ၊ အောက်သွေး 80 နဲ့ 89 mmHg ကြား) တွင်းရောက်နေလျှင် သင့်ဆရာဝန်က နေထိုင်မှုပုံစံ ပြောင်းလဲခိုင်းပါလိမ့်မယ်။

 

 

ဆရာဝန်ပေးထားတဲ့ ဆေးနည်းအတိုင်းလိုက်နာပါ။

 

တကယ်လို့သင့်သွေးတိုးက 140/90 ဒါမှမဟုတ်အဲဒီထက်မြင့်နေမယ်ဆိုရင်သင့်ဆရာဝန်ကသင့်အတွက်ဆေးနည်းတွေပေးပြီး နေထိုင်မှုပုံစံ ပြောင်းလဲဖို့ပါ ပြောပါလိမ့်မယ်။သင့်ဘဝတစ်လျှောက်လုံးနေ ့တိုင်းဆေးတွေသောက်ခိုင်းမယ်ဆိုရင်တောင်ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပါ။သွေးတိုးရောဂါက ဘဝတစ်လျှောက်လုံးဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်ဆရာဝန်နဲ့ပူးပေါင်းပါ။ ထိုနည်းအားဖြင့် ကုသမှုပန်းတိုင်ရောက်ရှိကာ ကျန်းမာသော ပျော်ရွှင်သော ဘဝကို ရပါစေ။

 

 

သင့်အတွက်ကုသမှုကိုစီစဉ်ပြီးပြီဆိုတာနဲ့ သွေးတိုးကို ထိ်န်းဖို့ကလွယ်ကူသွားပါပြီ။သင်သွေးတိုးကိုထိန်းချုပ်နေမှုကလေဖြစ်ခြင်း၊နှလုံးရောဂါ ၊ သွေးကြော၊ ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ရောဂါတွေပါကာကွယ်ပြီးသားဖြစ်တဲ့အပြင် လေဖြတ်ခြင်းကိုပါကာကွယ်ပေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ဒီရောဂါတွေကနေလသေဆုံးမှုက သွေးတိုးထိန်းချုပ်မှုကြောင့်လျော့ပါးသွားခဲ့ပါပြီ။

 

 

သွေးတိုးကိုထိန်းချုပ်ကုသခြင်းကတစ်ဘဝလုံးလုပ်ရမယ့်အလုပ်ပါ။ဒါကြောင့်သင်ကိုယ်တိုင်အတွက်ရောသင်ချစ်သောသူများအတွက်ပါ ဒီအတိုင်း ပြုလုပ်ပါမယ်လို ့ဒီနေ ့ကစပြီးကတိတစ်ခုပြုပါ။ဆရာဝန်ညွှန်ကြားတာတွေလည်းနားထောင်ပြီးကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"