သန်လျင်  ၆  အောက်တိုဘာ 

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ We Love Yangon လူထုအခြေပြုပရဟိတ အဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ လေအေးပေးစက်များလှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်အထွေထွေ ရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဆေးရုံအုပ်ကြီးဒေါက်တာချိုချိုလွင်က ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါများ စစ်ဆေးကုသပေးနေမှု၊ ဖျားနာကုသဆောင် သီးခြားဖွင့်လှစ်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေမှု၊ လူနာများထားရှိရန်အဆောင်များ နေရာချထားမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဆေးရုံကြီး၏ လူနာထားရှိဆောင်များတွင် လိုအပ်လျက်ရှိသော လေအေးပေးစက် (၁၃)လုံး တန်ဖိုးငွေကျပ်  ၄၆ သိန်းတန်ဖိုးရှိ စက်နှင့် ဆက်စပ်ပစ္စည်းများကို We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့မှ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါအဖွဲ့သည် လူနာများအသုံးပြုနိုင်ရန် နေ့ချင်းပြီး တပ်ဆင်လှူဒါန်းပေးခဲ့သည်။

 

သန်လျင်ဆေးရုံကြီးအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သော လူနားများအား ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများက နေ့ည အဆက်မပြတ် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)