ရန်ကုန် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီး သန်လျင်မြို့နယ်ရှိ ခရိုင် မြန်မာ့စီးပွားရေးဘဏ် (သန်လျင်)ဘဏ်ခွဲတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များအား စားအုန်းဆီများ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး အစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆိုပါ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (သန်လျင်)၌ ရောင်းချ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများ အိမ်တိုင်ရာရောက် ဖြန်ဖြူး ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များ တစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာမှ သုံးပိဿာအထိ တစ်ပိဿာလျှင် ကျပ် ၈၅၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေး လျက်ရှိကြောင်းနှင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များအား စားအုန်းဆီများ ရောင်းချပေးရာ သို့ ခရိုင်မြန်မာ့စီးပွားရေးဘဏ် (သန်လျင်)ဘဏ်ခွဲမှ ခရိုင် မန်နေဂျာ ဦးဇော်ရှင်းနှင့် ဘဏ် ဝန်ထမ်းများက လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)