ရန်ကုန် ၁၉ ဖေဖော်ဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်-သီလဝါ အဆင့်မြင့်တိုးချဲ့ လေးလမ်းသွား လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို JICA မှတာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆင့်မြင့်တိုးချဲ့ လေးလမ်းသွားလမ်းမကြီးကို JICA ချေးငွေဖြင့် သန်လျင်မြို့၊ မြို့ဟောင်း အနောက်ရပ်ကွက်၊ ရန်ကုန်-သန်လျင် အမှတ် (၁) တံတားထိပ်မှ သီလဝါစက်မှုဇုန် ရေကြောင်း တက္ကသိုလ် လမ်းဆုံအထိ အရှည် ၈ ဒသမ ၇ ကီလိုမီတာရှိပြီး မြို့တွင်းအကျယ် ၂၄ မီတာနှင့် မြို့ပြင်အကျယ် ၂၆ မီတာရှိကာ ကတ္တရာကွန်ကရစ်လမ်းဖြစ်သည်။
လမ်းလုပ်ငန်းများကို Main Contractor Tekken Corporationနှင့် Consultant Nippon Koei တို့မှ ကြီးကြပ်မှုဖြင့် Max Myanmar Construction က တာဝန်ယူဖောက်လုပ်ခဲ့သော အဆင့်မြင့် အဝေးပြေး လေးလမ်းသွား လမ်းမကြီးဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- သက်ခိုင် (သန်လျင်)


