ရန်ကုန် ၄ မတ်

 


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာ သီလဝါအထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ DOWA Economic System Japan Myanmar (အမှိုက်စွန့်ပစ်စက်ရုံ) ၌ မတ် ၃ ရက် ည ၁၀ နာရီ ၁၀ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားရာ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့မှ မီးသတ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 


သက်ခိုင် (သန်လျင်)

 

aa