သန်လျင် သီလဝါစက်မှုဇုန် A အတွင်း အမှိုက်ကန်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၄ မတ် 
   

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာ၊ သီလဝါအထူးစီးပွားရေးဇုန် A ဧရိယာအတွင်းရှိ Dowa Economic System Japan Myanmar (အမှိုက်စွန့်ပစ်ကန်) အလျား ၂၅၀ ပေ၊ အနံ ၂၅၀ ပေ၊ အနက် ၁၂ ပေရှိ အမှိုက်ကန်၌ မတ် ၃ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်က အမှိုက်များ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
   

 

မီးလောင်မှုဖြစ်ပွားရာသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းထွဋ်တို့မှ ဦးဆောင်၍ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်း၊ တာမွေ၊ တောင်ဥက္ကလာ၊ ဒဂုံတောင်မြို့နယ်များမှ မီးသတ်ယာဉ် စုစုပေါင်း ၁၇ စီး၊ ရေသယ်ယာဉ် ၁၂ စီး၊ အထောက်အကူပြုယာဉ် ၃ စီး၊ ကွပ်ကဲမှုယာဉ် ၆ စီး၊ မီသတ်တပ်ဖွဲ့ဝင် ၂၀၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၄ ဦးနှင့်အတူ အထူးစီးပွားရေးဇုန် A ရှိ အလုပ်သမားများက DCP (3 kg) မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၁ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
   

 

အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်၊ လူနေဆောက်အဦ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

 


သက်ခိုင် (သန်လျင်)

 

df