ရန်ကုန်၊ ၁၁  ဒီဇင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းဆုံအနီး သီဝါလမ်းမကြီးတွင် ညအိပ်ရပ်နားထားသော  တွဲကားအား ဆီဘောက်ဆာယာဉ် (ဆီမပါ) မှ ဒီဇင်ဘာ ၁၁ ရက် နံနက် ၆ နာရီ မိနစ် ၄၅ အချိန်က ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ၆ လမ်းသွားလမ်းဆုံအနီး၊ ရန်ကုန်- သီလဝါ လမ်းမတွင် ညအိပ်ရပ်နားထားသော တွဲကားအား ဆီဘောက်ဆာယာဉ် (ဆီမပါ) မှ နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ် ခေါင်းခန်းအတွင်း ယာဉ်နောက်လိုက် အမျိုးသား ၁ ဦး ကားခေါင်းအတွင်း ညှပ်နေကြောင်း သတင်းအရ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ နံနက် ၇ နာရီခွဲ အချိန်တွင် ယာဉ်နောက်လိုက်အား ကယ်ဆယ်နိုင်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး (မစိုးရိမ်ရ) အား မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် သန်လျင် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးကာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)