သန်လျင် ဖေဖော်ဝါရီ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ (၂၃၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ် ဂေါပကအဖွဲ့ကကြီးမှူး၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ၁၃၈၃ ခု တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပမည်ဖြစ်သည်။ တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် မဟာပဌာန်းအောင်ပွဲနှင့်အတူ စေတီတော် သြဝါဒဆရာတော်ကြီးများနှင့် သံဃာတော် (၃၇)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များအနေဖြင့် စေတီတော်ဂေါပကအဖွဲ့ ဖုန်း ၀၉-၇၇၆၁၁၄၅၈၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


