ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာများဖြင့် ကျင်းပလျက်ရှိသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက စေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြပြီး နာရီ ၉၀ ကြာ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် ၄၅ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များအနေဖြင့် စေတီတော်မြတ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဖုန်း ၀၉ ၄၂၀၁၈၉၆၄၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)