သန်လျင် ဇွန် ၇

 

သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး မိသားစုဝင်ငွေတိုးစေရေး ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

 

သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၆ ရက်က သန်လျင်မြို့နယ် ညောင်လေးပင်ကျေးရွာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာရည်၊ ခေါင်းလျော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ရာ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၂၀ တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများက ဇွန် ၁၀ ရက်အထိ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)