သန်လျင် ဇူလိုင် ၂၃
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစံလင်း ဦးဆောင်၍ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အဖွဲ့များခွဲ၍ ဇူလိုင် ၂၁ ရက်က ဗိုလ်ချုပ်ရွာသစ် အလက(ခွဲ)၊ ညောင်သုံးပင်(၂)အမကတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


