ရန်ကုန်၊ ၂ ဇွန်


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအား အထက်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခြင်းနှင့် စားသောက်ဖွယ်ရာ ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၁ ရက် နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

jajjdas
 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်စမ်းအေးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်စခန်းနှင့် သန်လျင်မြို့နယ် မီးသတ်စခန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တည်ဆောက်ရေးလုပ်ငန်းအတွင်း အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)